Saturday, 7 September 2013

ABS Ebooks Collection

This is all the E-books Collection I have to study ABS rules and regulations.

 
 


 
 

Saturday, 31 August 2013

Autocad ၂၀၁၀ Advanced Concepts

နိုင်ငံခြားမှာတော့ ဆော့ဝဲကလဲဈေးကြီးတယ်။ ဒီဆော့ဝဲကို လေ့လာဖို့အတွက်ထားပေးထားတဲ့ သင်တန်းကျောင်းကို တက်ဖို့စရိတ်ကလဲ အင်မတန် အခကြေးငွေများတယ်။ ဒီလိုအချိန်မှာ...ကျွန်တော်တို့ မြန်မာနိုင်ငံကလူငယ်တွေ အနေနဲ့ ဆော့ဝဲကိုလေ့လာဖို့ ကျပ်ငွေ ၁၀၀၀ လောက်နဲ့ Learning Video or Ebooks DVD ခွေကလေးတွေ ၀ယ်ယူပြီး မိမိဖာသာ အိမ်မှာ Self Study လုပ်လို့ ရတာ ကံကောင်းမှုတစ်ခုပါပဲ။

ဒီတစ်ပတ်တော့ ကျွန်တော် အသစ်ရထားတဲ့ Autocad နဲ့ ပတ်သတ်တဲ့ Advanced Conceptsတွေ အကြောင်းသေချာစွာရှင်းလင်းပြသထားတဲ့ Video တွေပါဝင်တဲ့ ဖိုင်လေးတွေ ရှယ်လိုက်ပါတယ်။
ဒီလင့်မှာ သွားရောက်ဒေါင်းလိုက်ပါ။


အောင်မြင့်မြတ်
1:16pm
01/09/2013

Control Valveများအကြောင်း

Mechanical Engineering မှာ အရေးကြီးပါတဲ့ Control Valve များအကြောင်းလေ့လာချင်သူများ
ဒီမှာ Download လုပ်နိုင်ပါတယ်။

Control Valvesများ အကြောင်း

Saturday, 17 August 2013

Autodesk AutoCAD 2010 Basic 2D Concepts

When I attended the AutoCAD Course in Yangon, I feel that the teaching method and progress was fall down to be satisfied.

So I tried to learn by myself.

But I don't know much how to learn and am finding the way how to do.

The best way is to watch the video tutorial files and they will teach you step by step. Training files are also in this ISO file. No need to worry anything.

What you have to do is to think and to have the will to learn.

Please download here!

 


Thursday, 15 August 2013

Engineering Mathematics

ကျွန်တော်တစ်ခါတစ်ခါ တွေးမိတယ်။
အချိန်တွေကို နောက်ဆုတ်လို့ရရင်သိပ်ကောင်းမယ်..ဘာကြောင့်ရယ်ဆိုတော့...
ကျွန်တော်တို့ကျောင်းတက်စဉ်ကာလကဆိုရင် နည်းပညာတွေ ဒီလောက်မတိုးတက်သေးဘူး။
အင်တာနက်ဆိုတာ ဘာကြီးမှန်းမသိလို့ ...သံလျင်မြို့ရဲ့ အစွန် ရေကြောင်းအဆောင်ကနေ 
ရန်ကုန်မြို့ထဲကိုအဝေးကြီးသွားပြီး အင်တာနက်ကဖီးလို့ ခေါ်တဲ့ ဆိုင်ကြီးထဲမှာ သိကြားမင်းရဲ့ ၀ရဇိန်လက်နတ်လိုမျိုး တန်ခိုးတယ်ကြီးပါလာရယ်လို့ (အဲဒီ့အချိန်က) ယူဆမိတဲ့ ကွန်ပြူတာ စက်ကြီးရှိရာသွားလို့....ကကြီးရေကနေသင်ရတယ်။Knowledgeကလဲ Clickကလေး၂ချက်နှိပ်ရင် ဖိုဒါလေးတွေပွင့်တယ်..ဆိုတာလောက်ပဲ သိတာကိုး။

တန်ဖိုးကြီးတဲ့ စာအုပ်စာပေတွေ၊ လေ့လာစရာတွေ အများကြီး ရှိပါ့လားဆိုတာ မသိခဲ့ဘူး။ ကွန်နက်ရှင်ဆိုတာကြီးကလဲ ကောင်းမှ မကောင်းပေပဲကိုး။ Browserလေးတစ်ခါပွင့်လာဖို့ကိုက ၅မိနစ်လောက်စောင့်ရသေးတယ်။

အဲ့ဒီတုန်းကတော့ လက်ထဲမှာ ငွေမရှိပေမယ့် အချိန်တွေ၊ ခွန်အားတွေရှိခဲ့တယ်။ဒါပေမယ့် ဘာတွေကို
လေ့လာရမယ်၊ ဘယ်လို လေ့လာရမယ်၊ လေ့လာချင်တဲ့ အရာတွေကို ဘယ်လို ရှာဖွေရမယ်ဆိုတာ မသိခဲ့ဘူး။

အခုတော့ ဘယ်လိုလေ့လာရမယ်ဆိုတာလဲသိတယ်။ ငွေလဲ အနည်းအကျဉ်းရှိလာပြီ။ ဒါပေမယ့် အချိန်က
လေ့လာချင်တာတွေ၊ ဖတ်ချင်တာတွေအတွက် ရှားပါးနည်းပါးနေခဲ့ပြီ။

အခုခေတ် ကျောင်းသားလေးတွေ၊လူငယ်တွေကို ကျွန်တော်တို့ တုန်းကထက် ကံကောင်းတယ်လို့ ပြောပါရစေ။ သူတို့တွေ ထူးချွန်ကောင်းမွန်မှ ကျွန်တော်တို့ ရဲ့ မြန်မာပြည်ဟာ သူတစ်ပါးတိုင်းပြည်တွေနဲ့
လူလူသူသူ ပခုံးချင်ယှဉ်နိုင်မှာပါ။

ကျွန်တော်လေရှည်နေတာများသွားပြန်ပကော။ တောင်းပန်ပါတယ်ဗျာ။ ဆရာလုပ်တယ်လဲ မထင်စေချင်ဘူး၊

Engineering Mathematics ကို လေ့လာလို့ ရအောင် စုဆောင်းထားတာလေးတွေ ရှယ်လိုက်ပါတယ်။



မြန်မာလို လေ့လာလိုသူတွေအတွက် Office Access&Word Books

မြန်မာလို ရေးသားထားတဲ့ စာအုပ်ကလေးတွေကို ဖတ်ရတော့ပိုမို ဖတ်ရှုရလွယ်ပါတယ်။
ရေးသားပေးထားတဲ့ အစ်ကိုတွေကလဲ တကယ့်ကို စေတနာအပြည့်နဲ့ ရေးသားပေးကြတာပါ။
တဖက်ကလဲ English လို ရေးသားထားတဲ့ စာအုပ်ကလေးတွေကို ဖတ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့
ကိုယ်သိချင်တဲ့ အကြောင်းအရာကို သေချာလေ့လာတော့မယ်ဆိုရင် အင်္ဂလိပ်စာအုပ်တွေမှာကသေချာကို
နက်နက်နဲနဲရေးသားထားပြီး အသေးစိတ်လို့ပါလို့ ပြောပါရစေ။






















Microsoft Office

ရုံးတွင်း Office ပိုင်းအလုပ်လုပ်နေတဲ့သူပဲဖြစ်ဖြစ်၊ Site ထဲမှာ အလုပ်လုပ်ရင်း Documentပိုင်းတွေကိုပါ တွဲဖက်လုပ်ကိုင်ရတဲ့ လူတွေပဲဖြစ်ဖြစ် Microsoft Office နဲ့ပတ်သတ်လို့ အနည်းအကျဉ်းတော့သိထားသင့်ပါတယ်။

အဲဒီတော့ ကျွန်တော် အခုတင်ပေးထားတဲ့ Link ကလေးတွေမှာ သွားရောက် Downloadလုပ်ယူရင်း
မိမိကိုယ်တိုင် Self-studyလုပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

http://www.mediafire.com/view/ol2r12fq7fa25az/Office_2010_Simplified.pdf
http://www.mediafire.com/view/bbdd3dafhhik5vp/Microsoft_Office_Home_%26_Student_2010_Step_by_Step.pdf
http://www.mediafire.com/view/c6xki9fggka94jc/For_Dummies_Microsoft_Office_Project_2007_For_Dummies.pdf
http://www.mediafire.com/view/ehe3c87bbsc3bvh/Easy_Microsoft_Office_2010.Pdf

Wednesday, 14 August 2013

Software Learning

ကျွန်တော် ဒီဆိုဒ်မှာ တင်ပေးတဲ့ ဆော့ဝဲတွေ၊ E-bookတွေ၊ လေ့လာဖို့  video fileတွေက
International Privacy Policy ကိုချိုးဖောက်ရာ ကျကောင်းကျပါမယ်။ ဒါပေမယ့် နိမ့်ကျနေတဲ့ ကျွန်တော်တို့လို တတိယတိုင်းပြည်က လူတွေအဖို့ရာ အားလုံးကို ၀ယ်ယူပြီး သုံးစွဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဗျာ။ ဒါပေမယ့် စေတနာတစ်ခုတည်းနဲ့ပဲ...ကျွန်တော်စုဆောင်းထားတဲ့ အဖိုးတန် Data တွေကို ဝေမျှလိုတာပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်။