Thursday, 15 August 2013

Engineering Mathematics

ကျွန်တော်တစ်ခါတစ်ခါ တွေးမိတယ်။
အချိန်တွေကို နောက်ဆုတ်လို့ရရင်သိပ်ကောင်းမယ်..ဘာကြောင့်ရယ်ဆိုတော့...
ကျွန်တော်တို့ကျောင်းတက်စဉ်ကာလကဆိုရင် နည်းပညာတွေ ဒီလောက်မတိုးတက်သေးဘူး။
အင်တာနက်ဆိုတာ ဘာကြီးမှန်းမသိလို့ ...သံလျင်မြို့ရဲ့ အစွန် ရေကြောင်းအဆောင်ကနေ 
ရန်ကုန်မြို့ထဲကိုအဝေးကြီးသွားပြီး အင်တာနက်ကဖီးလို့ ခေါ်တဲ့ ဆိုင်ကြီးထဲမှာ သိကြားမင်းရဲ့ ၀ရဇိန်လက်နတ်လိုမျိုး တန်ခိုးတယ်ကြီးပါလာရယ်လို့ (အဲဒီ့အချိန်က) ယူဆမိတဲ့ ကွန်ပြူတာ စက်ကြီးရှိရာသွားလို့....ကကြီးရေကနေသင်ရတယ်။Knowledgeကလဲ Clickကလေး၂ချက်နှိပ်ရင် ဖိုဒါလေးတွေပွင့်တယ်..ဆိုတာလောက်ပဲ သိတာကိုး။

တန်ဖိုးကြီးတဲ့ စာအုပ်စာပေတွေ၊ လေ့လာစရာတွေ အများကြီး ရှိပါ့လားဆိုတာ မသိခဲ့ဘူး။ ကွန်နက်ရှင်ဆိုတာကြီးကလဲ ကောင်းမှ မကောင်းပေပဲကိုး။ Browserလေးတစ်ခါပွင့်လာဖို့ကိုက ၅မိနစ်လောက်စောင့်ရသေးတယ်။

အဲ့ဒီတုန်းကတော့ လက်ထဲမှာ ငွေမရှိပေမယ့် အချိန်တွေ၊ ခွန်အားတွေရှိခဲ့တယ်။ဒါပေမယ့် ဘာတွေကို
လေ့လာရမယ်၊ ဘယ်လို လေ့လာရမယ်၊ လေ့လာချင်တဲ့ အရာတွေကို ဘယ်လို ရှာဖွေရမယ်ဆိုတာ မသိခဲ့ဘူး။

အခုတော့ ဘယ်လိုလေ့လာရမယ်ဆိုတာလဲသိတယ်။ ငွေလဲ အနည်းအကျဉ်းရှိလာပြီ။ ဒါပေမယ့် အချိန်က
လေ့လာချင်တာတွေ၊ ဖတ်ချင်တာတွေအတွက် ရှားပါးနည်းပါးနေခဲ့ပြီ။

အခုခေတ် ကျောင်းသားလေးတွေ၊လူငယ်တွေကို ကျွန်တော်တို့ တုန်းကထက် ကံကောင်းတယ်လို့ ပြောပါရစေ။ သူတို့တွေ ထူးချွန်ကောင်းမွန်မှ ကျွန်တော်တို့ ရဲ့ မြန်မာပြည်ဟာ သူတစ်ပါးတိုင်းပြည်တွေနဲ့
လူလူသူသူ ပခုံးချင်ယှဉ်နိုင်မှာပါ။

ကျွန်တော်လေရှည်နေတာများသွားပြန်ပကော။ တောင်းပန်ပါတယ်ဗျာ။ ဆရာလုပ်တယ်လဲ မထင်စေချင်ဘူး၊

Engineering Mathematics ကို လေ့လာလို့ ရအောင် စုဆောင်းထားတာလေးတွေ ရှယ်လိုက်ပါတယ်။



No comments:

Post a Comment